Checklists

အရေးပေါ်အသုံးအဆောင်များစာရင်းကို-
ပြင်ဆင်ပါ။
ဂါလံနဲ့ချီပြီးအရေးပေါ် သောက်ရေများ-
ကိုမည်သို့မည်ပုံသိုလှောင်ရမည်နည်း။
လီတာနဲ့ချီပြီးအရေးပေါ် သောက်ရေများ-
ကိုမည်သို့မည်ပုံသိုလှောင်ရမည်နည်း။
အောက်ချပါ၊ ကာပြီးကိုင်ထားပါ။
ဆက်သွယ်မှု ဧရိယာပြင်ပ


အရေးပေါ်အခြေအနေသည်မည်သည့်အချိန်တွင်မဆိုသည် ကြုံတွေ့ရနိုင်ပါသည်။ ကျွန်ုပ်တို့ဒေသအတွက်ဆိုလျှင် ဆောင်းရာသီမုန်တိုင်းများ၊ ရေ ကြီးမှုများ၊ မြေငလျင်များ၊ လာဟာဇ် ဆူနာမီများ၊ မီးလောင်မှုများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် ပစ္စည်းများလွှင့်ထုတ်ခြင်းတို့သည် ဤအရေးပေါ်အခြေအနေများတွင် ပါဝင်သည်။ မည်သည့် သဘာဝဘေးအန္တရာယ်မျိုးကျရောက်လာသည် ဖြစ်စေ၊ သင်၏ ဘေးကင်းလုံခြုံမှုအတွက် ကြိုတင်ပြင်ဆင်ထားရန်မှာအရေးကြီးလှသည်။ ကပ်ဘေးကာလအတွင်းအတွက် အနည်းဆုံးသုံးရက်စာလုံလောက်ရန် ပြင်ဆင်ထားပါ။ အကြောင်းရင်းမှာလိုအပ်သည့် ကယ်ဆယ်ရေးများ ပြုလုပ်နေချိန်တွင် ရက်ပေါင်းများစွာသို့မဟုတ် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင် သောကြောင့်ဖြစ်သည်။

အရေးပေါ်ကာလအတွင်းသင်ချစ်သောသူနှင့် သင့်ပိုင်ဆိုင်မှုကိုကာကွယ်ရန် သင်လုပ်ဆောင်နိုင်သည့် အရာများရှိကြပါသည်။ ၄င်းတို့မှာ –

အစီအစဉ် ရေးဆွဲပါ – ကွဲကွာသွားခဲ့လျှင် သင့်မိသားစုနှင့် မည်သို့မည်ပုံဆက်သွယ်မည်၊ မည်သည့်နေရာတွင် တွေ့ဆုံနိုင်မည် ဆိုသည်ကိုသိထားပါ။

အရေးပေါ် အသုံးအဆောင်များစီစဉ်ထားပါ။ – သောက်သုံးရေ၊ မပုတ်သိုးနိုင်သောအစားအစာ၊ အရေးပေါ်သုံးဆေးဗူး၊ ဓါတ်မီး၊ အပိုဓါတ်ခဲများ၊ ဓါတ်ခဲသုံးရေဒီယို၊ ဆေးဝါးများ၊ အနွေးထည်များနှင့်စောင်များနှင့် ပိုက်ဆံစသည့် အခြေခံလိုအပ်ချက်များ ပါဝင်သည်။ သင့်အိမ်မွေးတိရိစ္ဆာန်များအတွက်ပါ မမေ့ပါနဲ့။

ပါဝင်ပတ်သက်ပါ။ – သင့်အိမ်နီးချင်းများကိုသိပါ။ အကူအညီလိုသူများကိုကူညီပေးရန် အသင့်ရှိနေပါစေ၊ ထို့ပြင် CPR/ ရှေးဦးသူနာပြုနည်းများကိုသင်ယူထားပါ။

သတင်းကိုနားစွင့်ထားပါ – ဒေသတွင်းနှင့် ဒေသန္တရ အသိပေးမှုများအတွက် စာရင်းသွင်းထားပြီး၊ ဒေသန္တရ မီဒီယာများကိုနားဆင်ပါ။